
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော MDY PDF ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
နိုဝင်ဘာလ (၁၄) ရက်နေ့၊ ည (၇:၂၀) နာရီတွင် Dragon Warrior အဖွဲ့နှင့် MDY PDF အဖွဲ့တို့ပူးပေါင်း၍ မန္တလေး၊ ပြည်ကြီးတံခွန်၊ ၁၂၈ လမ်း၊ ၅၆×၅၇ လမ်းတွင် ပျူစောထီးအဖွဲ့ဝင် ဒလံများကို သွားရောက်ရှင်းလင်းခဲ့သည်။
ယင်းသို့ ရှင်းလင်းခဲ့ရာတွင် ကင်းပုန်းနှင့်တွေ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သော်လည်း အဖွဲ့သားများ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။
ရန်သူဘက်မှ တစ်ဦး ဦးခေါင်းပွင့် သေဆုံး၍ တစ်ဦး ပေါင်ထိမှန်ခဲ့သည်။