
နိုဝင်ဘာလ ၉ ရက်၌ ရှမ်းမြောက်၊ သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် စစ်ကောင်စီတပ်နှင့် MNDAA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA စနိုက်ပါသမား၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang တွင် ရေးသားဖော်ပြသည်။
မွန်းလွဲ ၂ နာရီ ၄ မိနစ်ခန့်တွင် မုံးကိုးခရိုင်၊ ပန်ရင်လပဒေသတွင် ကိုးကန့် MNDAA တပ်က နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်၏ ယာယီစခန်းတစ်ခုကို တွေ့ရှိပြီး တပ်သုံးရိက္ခာအချို့ကို သိမ်းဆည်းရမိကြောင်း၊ အဆိုပါ စခန်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉၊ တပ်ရင်း ၁၁၃ တို့က ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်နေစဉ် ဆောက်လုပ်ခဲ့သော စခန်းဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ပန်းဆိုင်ဒေသ၌ အခြေချသော စစ်ကောင်စီသည် ချစ်ကျူလင် ၊ တုံအော်ရခုတ် ၊ လေဆိပ် စသည့်နေရာများတွင် အင်အား (၂၀၀)ကျော်ခန့် ချထားပြီး မုံးကိုးခရိုင်၏ လော်ကူ ၊ရှယ်ကြာကျိုက် ၊ နမ်စူ ၊ ဟွာချောက် ၊ ဟေးမုံလုံ စသော ဒေသများတွင် လှုပ်ရှားလျက်ရှိကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရှိရသည်။