
နိုဝင်ဘာလ ၄ ရက်ကနေ ၇ ရက်အထိ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် ဌာနဆိုင်ရာ ၇ ခု နဲ့ မြို့နယ်ခြာားမှာတာဝန်ကျတဲ့ဝန်ထမ်း စုစုပေါင်း ၃၃၆ ယောက်က နှုတ်ထွက်စာတင်ကြောင်းသတင်းရရှိပါတယ်။
မကွေးတိုင်း ထီးလင်းမြို့ မြို့နယ်ပညာရေးမှူးရုံးထီးလင်းမြို့မှ စာရင်းရှိ (၃၀) ဝန်ထမ်းများ အားလုံးဟာ နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ပြီလို့ သတင်းရရှိပါတယ်။
အာဏာသိမ်း စစ်ကောင်စီထောက်တိုင်ဌာနဆိုင်ရာများတွင်ရုံးတက် နေသော ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီကို အားပေးနေသည့်လုပ်ငန်းများရပ်တန့်ရန် နိုဝင်ဘာလ (၇)ရက်နေ့ နောက်ဆုံးနှုတ်ထွက်/ CDM ပြုလုပ်ကြရန် YDF ထီးလင်းက နိုဝင်ဘာ ၄ ရက်တွင် သတိပေးစာထုတ်ပြန်ထားပါတယ်။