စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒေသလူငယ်များနှင့် မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲနှင့်နွေဦးရုပ်ရှင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုနှင့် အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုတို့ကို ရှင်းလင်းဟောပြောခဲ့ကြပြီး ဒေသပြည်သူအများအပြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။