စစ်အာဏာရှင်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ဦးဆောင်တပ်ဖွဲ့တစ်ခုဖြစ်သော Federal Wingsက တာဝေးပြေး ဒရုန်းများကို ထုတ်လုပ်နေကြောင်း Federal Wingsမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယနေ့တွင် Federal Wingsက ဒရုန်းများ ထုတ်လုပ်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်လာပြီး ယင်းဒရုန်းများသည် ဝေးဝေးပျံသန်းနိုင်ရန်နှင့် Payload ကြီးကြီးများများသယ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Federal Wingsမှ တာဝန်ရှိသူက ရှင်းပြသည်။
“ဒရုန်း Body ကိုကိုယ်တိုင်ထုတ်လုပ်တာပါ။ တာဝေးပြေးဒရုန်းလို့ပဲ ပြောရမယ်” ဟု Federal Wingsမှ တာဝန်ရှိသူက ပြောဆိုသည်။