တိုက်ပွဲအတွေ့အကြုံလိုအပ်ချက်တွေပေါင်းစပ်ပြီး အရင်ကိုယ်ထည်များထက် ၂၅ ရာခိုင်နှုန်း ပေါ့ပါးတဲ့ ဒရုန်းများကို Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ သုသေသန နဲ့ ဖွံ့ဖြိုးရေးဌာနမှ စမ်းသမ်း ထုတ်လုပ် တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။
အခု ဒရုန်းသစ်ဟာ တည်ဆောက် တပ်ဆင်ရတာ မြန်ဆန်လွယ်ကူပြီး လမ်းခရီးကြမ်းတမ်းတဲ့ ဒေသတွေမှာ ကျောပိုးပြီး သယ်ယူလို့ ရအောင် ထုတ်လုပ်ထားတဲ့ ဒီဇီုင်းအသစ်ဖြစ်တယ်လို့ မနေ့က ရက်စွဲ နဲ့ အသိပေးပါတယ်။
Federal Wings ဒရုန်းတွေရဲ့ ဆင့်ကဲတိုးတက်လာမှု အဆင့်ဆင့်ကိုလည်း မှတ်တမ်း ဓာတ်ပုံထုတ်ပြန် ပေးထားပါတယ်။
အရင် စိုက်ပျိုးရေးသုံး ဒရုန်းကိုယ်ထည်တွေကို တိုက်ပွဲမှာ အသုံးပြု ခဲ့ပြီး၊ ထပ်တိုးအလေးချိန် များခဲ့တဲ့အတွက် ရသင့်တဲ စွမ်းရည်ကို ပြည့်ဝစွာ အသုံးမချနိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုထုတ်လုပ်ရာမှာ တိုက်ပွဲဝင် ရှေ့တန်းမြေပြင်ရဲဘော်တွေရဲ့ အသက်ကို အတတ်နိုင်ဆုံး ကာကွယ်ဖို့၊ ပြည်သူလူထု မထိခိုက်စေ ဘဲ၊ရန်သူတပ်ဖွဲ့ကို တိကျစွာ တိုက်ခိုက်နိုင်ဖို့ ကြိုးစား တီထွင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။