၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်းမှာ Federal Wings ကဒရုန်းပျံသန်းစစ်ဆင်မှု(၂၈၁) ကြိမ်မှာ ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့တယ်လို ပြည်သူလူထုအား အစီရင်ခံတင်ပြချက်မှာ ဖော်ပြထား ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေအတွင်းမှာ “အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိမှုအမြောက်အများရှိခဲ့တယ်လို စစ်မြေပြင်သတင်းတွေအရ သိရတယ်လို ဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမ (၆) လတာ တိုက်ပွဲတွေအတွင်းမှာ Federal Wings တပ်ဖွဲဝင် (၁) ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး တပ်ဖွဲဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။
ဒဏ်ရာရတပ်ဖွဲဝင် (၆) ဦးတွင်း (၂) ဦးမှာ ဆေးကုသမှုများခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲဝင် (၄) ဦးမှာ သက်သာပျောက်ကင်းခဲ့ကြကာ သက်ဆိုင်ရာတော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေကြ ဆဲဖြစ်တယ်လို သိရပါတယ်။
ပထမ (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက် အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲစည်းနိုင်ခဲ့ပါတယ်။
“ပင်မအခြေပြုဒေသတွေဖြစ်တဲ့ ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေစတင်နိုင်ခဲ့ ပြီဖြစ်တယ်”လို Federal Wings အဖွဲက ပြောပါတယ်။
Federal Wings နဲ့ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုတဲ့ တော်လှန်ရေးတပ်ဖွဲတွေအတွက် ဒရုန်းတပ် ဆင်ရေးနဲ့ ဒရုန်းအင်အားဖြည့်တင်းရေးလိုအပ်ချက်တွေကို ပြည်သူလူထုအင်အားနဲ့ ကူညီဖြည့်ဆည်းသွား နိုင်ဖို စီစဉ်နေတယ်လို ဆိုပါတယ်။
အဲဒီအစီအစဉ်နဲ့ အခုရက်ပိုင်းအတွင်း Federal Wings နဲ့ Cobra (Campaign)၊Federal Wings ၊KNDF/B-15 (Campaign)၊Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ (Campaign)စတဲ့ ပူးပေါင်း Fundraising အစီအစဉ် (၃) ခုကို စတင်သွားမှာမို ပါဝင်အားဖြည့်ကူညီပေးကြဖို ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။
Federal Wings ရဲ့ မူလပထမ အတောင်ပံတွေဖြစ်တဲ့ အောက်က အဖွဲတွေထံမှာ ပါဝင်ကူညီအား ဖြည့်နိုင်သလို သက်ဆိုင်ရာ အဖွဲတွေရဲ့ Fundraiser တွေဆီကိုလည်း ဆက်သွယ်ကူညီနိုင်တယ်လို ဆိုပါတယ်။
အာဏာရှင်စစ်တပ်ကို အနိုင်ယူတိုက်ခိုက်ဖို အင်အားမှာ လွတ်လပ်ရေးကိုမြတ်နိုးသောပြည်သူ လူထု ထံကသာ မြစ်ဖျားခံလာရတဲ့အတွက် အင်အားအပြည့်နဲ့ဆက်လက်တိုက်ပွဲဝင်သွားနိုင်ဖိုက ပြည်သူလူထုကို သာ အားကိုးအားထားပြုရမှာ ဖြစ်တယ်လိုFederalWings ကဆိုပါတယ်။