အရင်ဆုံးပြောချင်တာကတော့နာမည်ဖတ်ပြီးလန့်မသွားကြပါနဲ့ဦး။ ကျွန်တော်ဘာကြောင့်ဆောင်းပါးရဲ့ ခေါင်းစီးကိုအခုလိုပေးရတာလဲနဲ့ပတ်သက်ပြီး ရှင်းပြပါ့မယ်။ ကျွန်တော်တိုလူသားတွေဟာ နေ့ဘက်ပဲဖြစ်ဖြစ်၊ညဘက်ပဲဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဆိုတာနဲ့အိပ်မက်မက်တက်ကြပါတယ်။ များသောအားဖြင့်အဲ့ဒီအိပ်မက်တွေကိုမမှတ်မိတဲ့အတွက်ကြောင့်သာ “ငါဒီနေ့အိပ်မက်မက်တယ်သိလား” ဆိုတာမျိုးကိုအသုံးများနေကြတာဖြစ်ပါတယ်။ မဟုတ်ရင်ကိုယ်ကအိပ်တဲ့အချိန်တိုင်း အိပ်မက်မက်နေမှာကိုသိထားတဲ့အတွက် “ဒီနေ့တော့အိပ်မက်မက်တယ်” ဆိုတဲ့စကားကိုပြောမှာမဟုတ်ပါဘူး။ ဆိုတော့ကျွန်တော်တိုတွေအိပ်မက်မက်တဲ့အခါမှာ လူတော်တော်များများကြုံကြရတဲ့အရာတစ်ခုရှိနေပါတယ်။ အဲ့ဒီအရာက ကိုယ်ကအိပ်မက်မက်နေတယ်ဆိုတာကို အိပ်ပျော်နေတဲ့အချိန်အတွင်းမှာကိုသတိထားမိနေတဲ့ဖြစ်စဉ်ပါ။
ဒီလိုဖြစ်စဉ်မျိုးကို ‘Lucid Dreams’ (လူးစစ် ဒရင်းမ်စ်)လိုခေါ်ပါတယ်။ ဟုတ်ပါတယ်။ လူငယ်တွေကြားမှာရေပန်းစားတဲ့ Singer ‘Juice WRLD’ရဲ့ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ရဲ့နာမည်ဆိုရင်လည်းမမှားပါဘူး။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ ‘Lucid’ဆိုတာ ‘ကြည်လင်ပြတ်သားတယ်၊ရှင်းလင်းပြတ်သားတယ်’ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်က စကားလုံးကစားတဲ့အနေနဲ့(word play) Lucid အစား HD(High-Definition) အိတ်ခ်ျဒီဆိုတာမျိုးကိုသုံးခဲ့တာဖြစ်ပါတယ်။ ဒါဆိုရင်တော့ဆောင်းပါးရဲ့ခေါင်းစီးကိုနားလည်ကြလောက်ပြီလိုယူဆပါတယ်။ အောက်မှာပါတဲ့စာတွေကိုဖတ်ပြီးတဲ့အခါမှာ ပိုပြီးပုံဖော်ရလွယ်သွားမယ်လိုပြောချင်ပါတယ်။
🔳 Lucid Dream ဆိုတာဘာလဲ?
‘Lucid Dreams’ ဆိုတာကိုယ်ကအိပ်ပျော်နေတဲ့အချိန်မှာ အိပ်မက်မက်နေပြီဆိုတာကိုသတိထားမိပြီဆိုရင် lucid dream မက်နေပြီလိုအလွယ်မှတ်လိုရပါတယ်။
ကိုယ့်ရဲ့အတွေးထဲမှာလျှပ်တပြတ်ဖြစ်ပေါ်နေတဲ့အရာတွေဟာ လောလောဆယ်အချိန်မှာတစ်ကယ်ဖြစ်နေတာမဟုတ်မှန်းလည်းသတိထားမိပေမဲ့ အိပ်မက်က အတော်ကိုကွက်ကွက်ကွင်းကွင်းနဲ့အပြင်မှာတစ်ကယ်ဖြစ်နေသလိုမျိုးကိုခံစားရစေပါတယ်။ ဘယ်လောက်အထိတောင်လဲဆိုရင် ကိုယ်ကဒါရိုက်တာတစ်ယောက်၊ ရုပ်ရှင်တစ်ကားရိုက်နေတယ်ပဲထားပါဦး၊ မင်းသားနဲ့မင်းသမီးကို ဘယ်နေရာမှာဘယ်လိုလေးလုပ်လိုက်ဆိုပြီးသင်ပေးသလိုမျိုးကို ကိုယ်ကဒီဟာပြီးရင်ဘာဆက်လုပ်မယ်ဆိုတာမျိုးအထိပါထိန်းချုပ်လိုရနေတာမျိုးပါ။ မြင်သာအောင်ပြောရရင်အိပ်မက်ထဲမှာ ရုပ်ရှင်ရိုက်နေသလိုမျိုးပေါ့ဗျာ အားလုံးကိုစိတ်တိုင်းကျထိန်းချုပ်လိုရတယ်။
လေ့လာမှုတွေအရတော့ ကမ္ဘာကြီးမှာအသက်ရှင်နေထိုင်နေကြတဲ့ လူသားအားလုံးရဲ့တစ်ဝက်လောက်ကတော့ အနည်းဆုံး lucid dream တစ်ခုဆီမက်ဖူးနိုင်တယ်လိုဆိုပါတယ်။ ဒါပေမဲ့ ဒီlucid dreamတွေဟာဖြစ်ခဲပါတယ်။ များသောအားဖြင့် တစ်နှစ်မှာ အကြိမ်ရေအနည်းငယ်သာlucid dream ဖြစ်စဉ်ရှိတတ်ကြတာပါ။
🔳 Lucid Dream တွေဟာဘယ်အချိန်မှာဖြစ်ကြလဲ
ဘယ်အချိန်မှာဖြစ်ကြလဲဆိုတာကိုမပြောခင်ကျွန်တော်တိုသိထားရမှာတစ်ခုရှိနေပါတယ်။ အဲ့ဒါကအိပ်စက်ခြင်းမှာ
- NREM Stage 1
- NREM Stage 2
- NREM Stage 3
- REM
ဆိုပြီး4မျိုးရှိတယ်လိုကျနော်တိုအခြေခံသဘောတရားအနေနဲ့မှတ်ယူရပါမယ်။ အခုကတော့ ကျွန်တော်တိုလေ့လာနေတဲ့အကြောင်းအရာနဲ့ပဲဆိုင်တဲ့ REM(Rapid Eye Movement)ကိုပဲကြည့်ကြရအောင်။ ဒီ REMဆိုတဲ့အိပ်စက်ခြင်းအဆင့်ကိုရောက်ပြီဆိုရင် လူတွေကအိပ်မက်မက်ကြပါတယ်။ REMအိပ်စက်ခြင်းဖြစ်နေတဲ့အခါမျိုးမှာဆိုရင် ဦးနှောက်လှုပ်ရှားမှုတွေ၊ အသက်ရှုနှုန်းတွေ၊ နှလုံးခုန်နှုန်းတွေ၊ သွေးဖိအားတွေအကုန်လုံးကမြင့်တက်လာပြီးတော့ သူ့ရဲ့နာမည်အတိုင်း မျက်လုံးလှုပ်ရှားမှုတွေကလည်း ပိတ်ထားတာတောင်အတော်လေးမြန်ဆန်လာပါတယ်။ ကျွန်တော်တိုအိပ်ပျော်ပြီးတော့ မိနစ်(90)လောက်ကြာရင် REMအိပ်စက်ခြင်းအဆင့်ကိုဝင်ရောက်လေ့ရှိကြပါတယ်။ ဘယ်လောက်ကြာကြာဝင်ရောက်တတ်လဲဆိုရင် 10မိနစ်ကနေ1နာရီအထိကြာအောင် REMအိပ်စက်ခြင်းဖြစ်တတ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ဒီREM အိပ်စက်ခြင်းအဆင့်မှာသာလူတွေကအိပ်မက်မက်နိုင်တာဖြစ်တဲ့အတွက် lucid dreamဟာလည်းREM ကိုဝင်ရောက်ပြီဆိုတဲ့အချိန်မှာသာဖြစ်ပေါ်ပါတယ်။
🔳 ကောင်းကျိုးနဲ့ဆိုးကျိုး
အကြောင်းအရာတစ်ခုပေါ်လာပြီဆိုတာနဲ့သူနဲ့ပတ်သက်တဲ့အကောင်း၊အဆိုးဆိုတာမပါရင်အဲ့ဒီအရာဟာပြီးပြည့်စုံမှုမရှိဘူးလိုကျွန်တော်တိုသတ်မှတ်လိုရပါတယ်။ အဲ့လိုပဲ ‘Lucid Dreams’ တွေမှာလည်းသူတိုနဲ့သက်ဆိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။
ကောင်းကျိုးတွေအနေနဲ့ဆိုရင် ကျွန်တော်တိုက အိပ်မက်ထဲမှာဖြစ်နေတဲ့အကြောင်းအရာတွေကို ကိုယ်လိုသလိုဖန်တီးယူရတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကိုယ်ထိန်းချုပ်သင့်သလောက်ထိန်းချုပ်နိုင်လာမယ်။ ပြဿနာတွေကိုဘယ်နည်းနဲ့ဖြေရှင်းတာကပိုကောင်းမလဲဆိုတာကိုသိလာမယ်။ အိပ်မက်ဆိုးမက်တာတွေကိုလျှော့ချနိုင်လာပါလိမ့်မယ်။ တစ်ဖက်ကဆိုးကျိုးကိုပြန်ကြည့်မယ်ဆိုရင်လည်း ကိုယ်ကအိပ်မက်မက်တယ်ဆိုတာကိုသိနေတာဖြစ်တဲ့အတွက် လူကသာမနိုးတာ၊ဦးနှောက်ကတော့နိုးနှင့်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်အိပ်ရေးပျက်တာတွေ၊အာရုံစူးစိုက်လိုမရတာတွေ၊သတိမေ့တာတွေ အနည်းနဲ့အများတော့ဖြစ်ပေါ်လာနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ခြုံငုံပြီးပြောရမယ်ဆိုရင် Lucid Dream တွေဟာ ကျွန်တော်တိုရဲ့မသိစိတ်ထဲမှာရှိနေတဲ့အရာတွေ၊ လုပ်ချင်ပေမယ့်မလုပ်ရဲတဲ့အရာတွေကို အိပ်မက်ကနေတစ်ဆင့်လုပ်ဆောင်ခွင့်ပေးတဲ့ဖြစ်စဉ်မျိုးလိုပဲကျွန်တော်ကယူဆပါတယ်။ မဖြစ်နိုင်တဲ့အရာတွေက lucid dream ထဲမှာတော့ တစ်ကယ်ဖြစ်လိုရပါတယ်။ ဥပမာ- အိပ်မက်ထဲမှာသူမကကိုယ့်ဆီပြန်လာပြီးနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နေသွားကြတာမျိုးပေါ့ဗျာ။ ဆိုတော့ဒီနေရာမှာပဲအဆုံးသတ်ပါတော့မယ်။ အစစအရာရာဂရုစိုက်ကြပါကိုယ့်လူတို။ ဪ…တစ်လက်စတည်း Juice WRLD ရဲ့ “Lucid Dream”ဆိုတာလေးကိုပါသွားနားထောင်ကြည့်ကြဖိုအကြံပေးချင်ပါတယ်ဗျို။
EDEN