ထားဝယ်မြို့နယ်၊ အရှေ့တောဘက်ကို မနေ့ကမနက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်း တောလမ်းအတိုင်း ခြေလျင်ဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ကျော်လောက်ပါဝင်ပြီး တောလမ်းအတိုင်း နယ်မြေရှင်းလင်းတဲ့ပုံစံ ဝင်ရောက်လာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မနေ့ကတော့ ဓာသွေးကျောက်ရွာထဲကိုဝင်ရောက်ပြီး ဒေသခံ ၅ ဦးခန့်ကိုဖမ်းဆီးကာ စစ်ကြောင်းနဲ့အတူ အညာဖျားကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့သိရပါတယ်။
ညနေ ၄ နာရီလောက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ည ၇နာရီခွဲဝန်းကျင်လောက်မှာတော့ ဥယျာဥ်ကြီးရွာနဲ့ အညာဖျားရွာကြားမှာ ပစ်ခတ်သံတွေကိုကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
“လက်နက်ကြီးရော လက်နက်ငယ်ရောပဲ။ ကြားဖြတ်တိုက်ခံရတာဖြစ်နိုင်ပါတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတာနဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက်မှာလည်း အဲဒီစစ်ကောင်စီစစ်ကြောင်း ဥယျာဥ်ကြီးရွာထဲကိုရောက်ရှိနေပြီး ရွာကခံတချို့ကိုဖမ်းဆီးထားတယ်လို့သိရပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
မနေ့ကဖမ်းဆီးထားတဲ့ ဓားသွေးကျောက်ကျေးရွာကဒေသခံတွေကတော့ ညနေပိုင်းမှာပဲပြန်လွတ်လာခဲ့တယ်လို့သိရပါတယ်။