KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်ကို ဇူလိုင်လ ၁၄ ရက်ည ၁၀ နာရီခွဲဝန်းကျင်က စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လိုင်ဇာမှာ လက်နက်ကြီး သံကြားတယ်။ ဘယ်မှာ ပုန်းရမှန်း မသိဘူး။ ၃ ကြိမ်ရှိပြီ” လို့ ဒေသခံ အမျိုးသမီး တစ်ဦး က ပြောပါတယ်။
ပေါက်ကွဲသံ အကျယ်ကြီး ကြားရပေမယ့် ဘယ်နေရာ ကျရောက် ပေါက်ကွဲတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။
“ဟုတ်တယ်။ ၃ ခါ ကြားတယ်။ တောင်ပေါ်ဘက်ထင်တယ်” လို့ လိုင်ဇာရောက် ရွှေ့ပြောင်းလုပ်သား တစ်ဦး က ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့် စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်စခန်းချထားတဲ့ ခါယာတောင်ဘက်ကို KIA ဘက်က ဒရုန်းနဲ့ ဗုံးကြဲရာက စစ်ကောင်စီဘက်က တုံ့ပြန် ပစ်ခတ်လာတာဖြစ်ကြောင်း KIA နဲ့ နီးစပ်သူထံက သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလည်း စစ်ကောင်စီဘက်က လိုင်ဇာ အနီး လက် လက်နက်ကြီး ပစ်ခတ်ခဲ့ပါသေးတယ်။
ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီ အနေနဲ့ KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာ နမ်ဆန်ယန် အနီးဝန်းကျင်ကို နေ့တိုင်းနီးပါး အင်အားဖြည့် ထိုးစစ်ဆင် တိုက်ခိုက် နေတာဖြစ်ပါတယ်။