မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီး ဝူထန်ယန် (U Htang Yang) နှင့် တာလီ (Ta Li) ရွာ ကြားတွင် စစ်ကောင်စီတပ်နှင့် KIA အမှတ် ၁၉ လှုပ်ရှားတပ်ရင်းတို့ ယနေ့ ဇူလိုင် ၇ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် မိုးမောက်မြို့ဘက်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်အရ သိရသည်။
တိုက်ပွဲကြောင့် ဒေါ့ဖုန်းယန်မြို့မှ အသက် (၄၂) နှစ်အရွယ် ဒေါ်ရွယ်ဂျီလည်း သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇွန်လ နေက်ဆုံးပတ်မှ စတင်ပြီး ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် နီးစပ်သည့် ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တို့ စစ်ရေးတစ်ဖြန်တင်းမာလာပြီး ရက်ဆက်တိုက်ပွဲများ ပြင်းထန်လာနေသည်။ တိုက်ပွဲဖြစ်ပွားလာမှုကြောင့် မြစ်ကြီးနား – ဗန်မော်လမ်း နမ်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ထပ်မံထွက်ပြေးခဲ့ရပြီ ဖြစ်သည်။