ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဗျူဟာ အသစ်တစ်ခုကိုထပ်မံဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်သည်။
တပ်ရင်း ၂၂၊၂၃ နှင့် ၂၄ တို့ဖြင့် ဗျူဟာ အမှတ် (၈) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်နီအမျိုးသား များကာ ကွယ်ရေးတပ်-
KNDF ၏ စစ်ရေးဦးဆောင်မှု အမိန့်အောက်တွင်ရှိသည်ဟု သိရသည်။
“ကရင်နီနဲ့ ရှမ်းပြည်နယ်ကြား မှာ ထပ်တိုးလိုက်တဲ့ ဗျူဟာ အသစ်တစ်ခု ပေါ့။ပင်လောင်းဘက်ခြမ်း မှာ “ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း ရဲဘော် အင်အား ၅၀၀ ကျော်ရှိသည့် ဗျူဟာ အမှတ် ၇ ကို KNDF ကတိုးချဲ့ဖွဲ့စည်းထားသည်။
ထို့ကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ဗျူဟာ အမှတ် ၁ မှ စ၍ ယခု အသစ်ဖွဲ့စည်းလိုက်သည့် ဗျူဟာ အမှတ် ၈ အထိ တပ်ဖွဲ့စည်းမှု သုံးနှစ်အတွင်း ဗျူဟာ ၈ ခု ရှိလာသည်။
“တပ်ရင်း အားလုံးပေါင်း ၂၈ ရင်း ဖွဲ့စည်းထားတယ်။တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်”ဟု KNDF ၏ ဖွဲ့စည်းပုံကို စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။
ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို ၊ဘောလခဲ၊ ဖားဆောင်း၊ ရှားတော၊ ဖယ်ခုံ နှင့် မယ်စဲ့ မြို့နယ်တို့မှ စစ်ကောင် စီတပ်၏စစ်စခန်း ၆၅ ခုကို ကရင်နီပူးပေါင်းတပ်များက သိမ်းထားပြီး တပ်ဆုတ်လက်နက်ချခဲ့သည် စခန်းစုစုပေါင်း ၁၆ ခုအထိ ရှိ ကြောင်း KNDF က ထုတ်ပြန်ထားသည်။
ယခုအခါ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ်မှ တဆင့် ကရင်နီပြည်နယ်သို့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။