“၁၆ ကျည် ၂,၀၀၀” ကမ်ပိန်း ရက် ၂၀ ပြည့်ပေမဲ့ ကျည် ၁,၆၅၀ သာရရှိလို့ ကံစမ်းမဲ ကာလ နောက်ထပ် ၁၀ ရက် ထပ်တိုး လိုက်တယ်လို့ ကရင်ပြည်မှာ တိုက်ပွဲဝင်နေတဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ တပ်ရင်း (၄) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီဒေသနဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့ အမျှ ကျည်မလုံလောက်တဲ့ ပြဿနာ ကြုံတွေ့လာရလို့ ပြည်သူတွေ ကူညီပေးကြဖို့ KNDF B-04 က တောင်းဆိုထားပါတယ်။
၁၆ ကျည်တစ်တောင့်ကို မြန်မာကျပ်ငွေ ၄,၀၀၀ ခန့်ရှိပြီး ကျည်ဖိုး ကူညီလိုတဲ့ ပြည်သူတွေ အနေနဲ့ ကျပ် ၅၀၀၊ ၁,၀၀၀ ကစပြီး ပါဝင် ကူညီပေးကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း (၄) က မေတ္တာရပ်ခံထားပါတယ်။