ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ပိုင်ခလိုရွာဟောင်းအနီးမှာ KNLA/PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄၈ ဦး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲက ဒီနေ့မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေက ထိုင်းနိုင်ငံ ၊ အုန်းဖန်မြို့ ၊ ပိုင်ခလန်ရွာထဲကို ထွက်ပြေးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်သားတွေက ရေတလျောက်စခန်း နဲ့ မဲသရောခီးစခန်းတွေက ဖြစ်တယ်ဆိုတာနဲ့ ၎င်းတို့ကို ထိုင်းစစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးနေတဲ့ ဓာတ်ပုံတွေ လည်း ဖေ့စ်ဘွတ်ခ်မှာ ပြန့်နေပါတယ်။