knuအမှတ်၁တပ်မဟာ သထုံခရိုင် ဒူးရင်းဆိပ်(ထော့ပရား)တံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကိုယနေ့မနက်၆နာရီကျော်အချိန်တွင် knlaနှင့်pdfပူးပေါင်းအဖွဲ့တိုက်ဝင်ရောက်တိုက်ခိုက်လိုက်တယ်လို့တပ်မဟာအရာရှိတစ်ဉီးထံမှသိရှိရပါတယ်။
ဒီမနက်မှာ ဒူးရင်းဆိပ်တံတားထိပ်၂ဘက်လုံးဝင်တိုက်တာ စစ်ကောင်စီဘဲ၉ဉီးသေဆုံးပြီး၅ဉီးဒဏ်ရာရတယ်လို့ သတင်းရထားတယ်အတိကျတော့သေချာမသိသေးဘူး။
ဘားအံဘက်ကတံတားထိပ်တော့တက်လို့ရတယ် လက်နက်၅လက်၊ဆက်စပ်ကျည်နဲ့ဖုန်းတွေရတယ်လို့ကြားတယ် သတင်းသေချာမသိသေးဘူး။ မြိုင်ကလေးဘက်စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်သေးတယ် အဲ့ထဲမှာစစ်ကောင်စီဘက်ဒုရင်းမှူးတစ်ဉီးကျတယ် ထိခိုက်ဒဏ်ရာရတာလည်းရှိတယ် လို့သူကဆိုပါတယ်။
ဒူးရင်းဆိပ်တံတားဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ knlaတပ်ရင်း၁မှရဲဘော်တစ်ဉီးနှင့်pdf၁ဉီးကျဆုံးကာ၁ဉီးဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။
knuတပ်မဟာ၁အုပ်ချုပ်နယ်မြေတွင်အခြေစိုက်တပ်စွဲထားတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်တပ်စခန်းတို့ကိုknlaပူးပေါင်းအဖွဲ့မှဒရုန်းဖြင့်နေ့စဉ်လိုလိုဝင်ရောက်တိုက်ခိုက်လျှက်ရှိနေပြီးစစ်ကောင်စီဘက်ထိခိုက်ကျဆုံးမှုရှိနေတယ်လို့knuတပ်ရင်းတပ်ဖွဲ့ထံမှသိရှိရပါတယ်။