ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၇ ခု ရဲ့ စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာ စစ်ရှောင်ဦးရေ ၈ သိန်းခန့် တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံကသိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေအပြင် တိုက်ပွဲတွေကြောင့် စစ်ရှောင် ဦးရေတိုးလာတာလို့ KHRG ကဆိုပါတယ်။
စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ အပြင် ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ KHRG က ဆိုပါတယ်။
“အထူးသဖြင့် အခြေခံစားနပ်ရိက္ခာတွေကို ကူညီပံ့ပိုးဖို့အတွက် အလှူငွေတွေ လုံလုံလောက်လောက် မရှိသေးဘူးပေါ့ ” လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။
လက်တလောမှာတင် KNU တပ်မဟာ ၃ စစ်ရေးလှုပ်ရှားရာ ပဲခူးတိုင်းမုန်းမြို့နဲ့တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွေထဲမှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။