အမေရိကန်နိုင်ငံရောက် မြန်မာများ နှင့် နိုင်ငံတကာရောက်မြန်မာများ၏ ထောက်ပံ့ရေးရိက္ခာပစ္စည်းများကို အဆိုတော် ”ဝင်းနိုင်စိုး” မှ KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
KNU မှ တာဝန်ရှိများနှင့် အေအေစီကိုရဲမင်းတို့ ပူးပေါင်းစီစဥ်ပေးမှုဖြင့် စိတ်ဓာတ်မြင့်တင်ရေး ဖျော်ဖြေရေးပွဲကိုလည်း ပူးတွဲ ကျင်းပခဲ့ပြီး အေအေစီကိုရဲမင်း အဖွဲ့မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။