ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေအတွင်း နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ထီးထ(ဖဲထာ) စခန်းကို မနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က KNLA နဲ့ ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရမိခဲ့တယ်လို့ Force for Federal Democracy က ထုတ်ပြန်ပါတယ်။
အဲ့ဒီ့ ထီးထစခန်းဟာ စစ်ကောင်စီအင်အား ၁၂၀ ခန့်၊ ကွန်ကရက်ကတုတ်ကျင်း ၃၀ ခန့်နဲ့ အခိုင်အမာတပ်စွဲထားတာကြောင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲတွေပြင်းထန်ခဲတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်နဲ့ လက်နက်ထောက်ကူတွေကို လာရောက်ပို့နေတဲ့ ကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီစခန်းအနီးမှာ တပ်စွဲပြီး လက်နက်ကြီးပစ်တာတွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကို ရက်ပေါင်း ၂၀ ခန့်ပြုလုပ်ပြီးမှ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက် ကျဆုံးခဲ့တာတွေရှိပြီး အာဇာနည်တွေအတွက် ဦးညွှတ်အလေးပြုတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကသေဆုံးတာနဲ့ လက်နက်တွေသိမ်းပိုက်ခဲ့တဲ့ စာရင်းကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။