ကရင်ပြည်နယ်၊ KNU အမှတ် ၅ တပ်မဟာနယ်မြေတွင် ဖေဖော်ဝါရီလဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA-အမှတ် ၅ တပ်မဟာ ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပေါင်း ၄၅ ကြိမ် တိတိ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း KNLA-အမှတ် ၅ တပ်မဟာနှင့်ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ ကျဆုံးရဲဘော် မရှိကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၂ နေရာ ရုတ်သိမ်း ဆုတ်ခွာသွားကြောင်း သိရသည်။
နှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများနေထိုင် အသက်မွေး ဝမ်းကြောင်း ပြုရာနေရာအတွင်းကို လက်နက်ကြီး ၄ လုံး ရည်ရွယ် ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။