ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ ၌ ဇူလိုင်လ အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၆၆ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ကြီး တစ်ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၉၅ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦး နှင့်တပ်ခွဲမှူး ၁ ဦးအပါအဝင် ၈၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဇူလိုင်လ ၁ ရက်နေ့ မှ ၃၁ ရက်နေ့ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏စစ်ရေး ကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းများ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ပေါင်း ၆၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ် မှ ဗိုလ်ကြီး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦး အပါအဝင် ၉၅ ဦး သေဆုံးခဲ့ကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦး နှင့် တပ်ခွဲမှူး ၁ ဦး အပါအဝင် ၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း KNU ၊ KNLA ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် ၃ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ အရပ်သားပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ သည်ဟု ဆိုသည်။
အဆိုပါစာရင်းများကို ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဒူးပ လာယာခရိုင် တပ်မဟာ ၆ မှ မြေပြင် သတင်းပေးပို့ ချက်နှင့် နေ့စဉ် ကြေးနန်းမှတ်တမ်း များ စုစည်း တင်ပြချက်များအရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။