မြို့ပြမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ရည်ရွယ်ပြီးတော့ Myingyan Black Tiger(MBT)တပ်ဖွဲ့က “မြို့ပြဆီသို့ သိန်း ၃၀၀၀” ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
” အခြေချတပ်စွဲရာဒေသမှ မြို့ပြများဆီသို့ မိမိတို့ MBTတပ်ဖွဲ့မှ ကျားမဲများ အမဲလိုက်ရန်အတွက် *မြို့ပြဆီသို့* ကမ်ပိန်းတွင် ပါဝင်ကူညီပေးကြဖို့ မိဘပြည်သူတစ်ဦးချင်းဆီတိုင်းအား အထူးပင် မေတ္တာရပ်ခံပါသည်” လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
ကမ်ပိန်းကာလက ဧပြီ ၁ ရက်ကနေ ဇွန် ၁ ရက်အထိ နှစ်လအကြာပြုလုပ်သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။