ပြီးခဲ့ NLD အစိုးရလက်ထက်က ပဲခူးတိုင်း လဝကဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို စစ် ကောင်စီက ဒီကနေ့မှာ ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်အကျဉ်းထောင်၊ထောင်တွင်းတရားရုံးကဦးထွန်းထွန်းဦးကို ပုဒ် ၅၀၅ အမှု နှစ်ခုနဲ့ စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဦးထွန်းထွန်းဦးကို ဖမ်းဆီးဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကြောင့် ရှောင် တိမ်းနေထိုင်ခဲ့ရတယ်လို့ ပဲခူးတိုင်း NLD ပါတီနဲ့ နီးစပ်သူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလဆန်းကတော့ သမီးဖြစ်သူကို ကနဦးဖမ်းဆီးကာ ခြိမ်းခြောက်အကျပ်ကိုင် တာ ကြောင့် ဦးထွန်းထွန်းဦးဟာ ပြည်မြို့က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှာသွားရောက်အဖမ်းခံခဲ့ပါတယ်။
အဲ့ဒီနောက် အဲ့ဒီလအတွင်းမှာပဲ စစ်ကောင်စီက ဦးထွန်းထွန်းဦးကိုရော သူ့ရဲ့သမီးဖြစ်သူကိုပါ ခံဝန်နဲ့ပြန်လွှတ် ပေးခဲ့ပါတယ်။ဒါပေမယ့် အခုနှစ်အတွင်းမှာတော့ နောက်ထပ်တကြိမ်ထပ်မံဖမ်းဆီးသွားပြီး ဒီကနေ့မှာတော့ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံလိုက်ရတာပါ။
ဦးထွန်းထွန်းဦးဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ပေါင်းတည်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ၂၀၁၉ခုနှစ်မှာ တိုင်းအစိုးရအဖွဲ့ လဝက ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အဲ့ဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မူလမဲဆန္ဒနယ်ကနေပဲ ထပ်မံယှဉ်ပြိုင်ရာမှာ ထပ်ပြီး အနိုင်ရခဲ့ပါတယ်။