အမျိုးသား ညီညွတ်ရေး အစိုးရ-NUG တရားရေး ဝန်ကြီးဌာနက၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုပေါင်း၂၀၀ ကျော်ကို စစ်ဆေး အမိန့်ချခဲ့တယ်လို့ ဒီကနေ့ ဩဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NUG တရားရေး ဝန်ကြီးဌာနဟာ အမှုပေါင်း ၃၈၀ ကို ကြားနာ စစ်ဆေးခဲ့ကာ တရားမမှု ၂၉ မှုနဲ့ ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကို အပြီးအပြတ် အမိန့်ချမှတ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေ တိုင်ကြားတဲ့ အမှုများရဲ့ ၅၃ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်မှ ၅ ရက်အထိ တရားသူကြီး ၁၉ ဦး၊ ဥပဒေ အရာရှိ ၅ ဦးနဲ့ ရုံးချုပ်မှ အရာရှိ ၆ ဦး စုစုပေါင်း ၃၀ ဦးတို့ကို အခြားနည်းဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။