အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံတက်ရောက်ပြီး မြန်မာ့အရေး အခြေအနေများ ရှင်းလင်းဆွေးနွေးကြကြောင်း သိရှိရသည်။
ဇွန်လ ၁၀ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာ့ အလုပ် သမားအရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ NUG ကိုယ်စားလှယ်များက သီးခြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ညီလာခံတက်ရောက် လာသည့် ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စား လှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်များမှ ခေါင်း ဆောင် များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုအစည်းအဝေးတွင် NUG ၏ ကိုယ်စားလှယ်များက အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုနှင့် စစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်မှု လုပ် ရပ်များ၊ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက် နေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် တိုင်းရင်းသားလက်နက် ကိုင် တော်လှန် ရေး ဒီမိုကရေစီ အင်အားစုများက နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းကျော် နယ်မြေစိုးမိုးထိန်းချုပ် ထားနိုင်မှုအခြေအနေ၊ စစ်ကောင်စီအနေဖြင့် ထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာသည့် အခြေ အနေများ၊ အမျိုးသားညီညွတ် ရေးအစိုးရ၏ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေမှုနှင့် ဝန်ဆောင် မှုပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ ကျူးလွန်နေသော အကြမ်းဖက်စစ် တပ်၏ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)၏ စစ်ဆေးတွေ့ရှိချက်တွင် အထင်အရှားပေါ်လွင် နေပြီး အဆိုပါကျူး လွန်မှုများအတွက် စစ်အုပ်စုအား တာဝန်ခံရန်နှင့် ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)က တိုက် တွန်းထားသည့် အတိုင်း စစ်အုပ်စုအား နောက်အကြိမ် ညီလာခံ၊ အစည်းအဝေးများထိ မစောင့်ဘဲ ယခုညီလာခံတွင် ILO Constitution မှ Article 33 နှင့်အညီ ချက်ချင်းအရေးယူရန် တောင်းဆိုကြသည်။
အလားတူ ပြည်သူလူထုကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များကို ယခုအလုပ်သမား ညီလာခံတွင် အသိ အမှတ်ပြု ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ရှိနေသရွေ့ အလုပ် သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါ အဝင် ပြည်သူတစ်ရပ်လုံးသည် မည်သည့်အခြေခံ အခွင့်အရေးမျှ ရရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ NUG အား အသိအမှတ်ပြု၍ ILO ၏ သုံးပွင့်ဆိုင်ယန္တရား လုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် မြန်မာနိုင်ငံ၌ အခြေခံအခွင့် အရေးများ မြှင့်တင်ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းဆွေးနွေးပြောကြားကြသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံ ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပနေခြင်းဖြစ်သည်။