ONE DAY CHALLENGE လှုပ်ရှားမှုကနေ ရရှိလာတဲ့ ရန်ပုံငွေတွေထဲက အမျိုးသားညီညွတ်ရေးအစိုးရထံ လစဉ်လှူဒါန်းနေတဲ့ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေကို ဒီဇင်ဘာ ၂၈ ရက်မှာ ပေးပို့လှူဒါန်းခဲ့တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)က သတင်းထုတ်ပြန် လိုက်ပါတယ်။
ယခုလ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရထံ လစဉ်လှူဒါန်းငွေ က အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းအထိ ရှိလာပြီလို့လည်း အသိပေးဖော်ပြထားပါ တယ်။
ဒါအပြင် မြေပြင် PDF ၊ LPDF ၊ UG အဖွဲ့ (၂၀၉)ဖွဲ့ဆီကို စုစုပေါင်း ကျပ်သိန်း ၃၅၄၀ အထိ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ONE DAY CHALLENGE ထောက်ပံ့ငွေတွေကို အစိုးရရဲ့ ဒေသန္တရ အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နဲ့ နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေတာလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က အသိပေးထားပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ONE DAY CHALLENGE မင်ဘာဝင်တွေရဲ့ လစဉ် ထည့်ဝင်ငွေကို အခွန်ငွေအဖြစ် သတ်မှတ်ကာ ၆လ တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးတာနဲ့ ၁၂ လ တစ်ခါ ယာယီသမ္မတကြီးရဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။