လူထုတော်လှန်ရေး မဟာမိတ်အင်အားစု – PRA (မကွေး) က ၆၀ မမ ရော့ကတ် MH-60R များကို ထုတ်လုပ်နိုင်ခဲ့ပြီ ဆိုတာနဲ့ အဲဒီရော့ကတ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲများမှာ စတင်အသုံးပြုနေပြီ လို့ People’s Revolution Alliance က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ၆၀ မမ လက်နက်ကြီး အမျိုးအစားကို PRA တပ်ဖွဲ့မှ စက်တင်ဘာလမှာ ထုတ်လုပ်ပြီးစီးခဲ့ပြီး၊ ကျဆုံးခဲ့ရတဲ့ ရဲဘော် တစ်ယောက်ရဲ့ နာမည်ကို ဂုဏ်ပြုသောအားဖြင့်၊ MH-60R ရော့ကတ်လို့ နာမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ PRA တပ်ဖွဲ့ ရဲ့ သတင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်၊ ည ၁၁ နာရီအချိန်မှာ ၊မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီရဲ့ (ကပစ) ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် (၂၀)သို့ ၆၀ မမ ရော့ကတ်ကြီး အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
People’s Revolution Alliance က အကြမ်းဖက်စစ်ကောင်စီကို မဟာဗျူဟာမြောက် ပစ်မှတ်တွေအဖြစ် ကပစရဲ့ ထောက်ပို့ ယန္တရား တွေ နဲ့ အဓိကပင်မကျောရိုးကို တိုက်ခိုက်ဖို့ ကြိုးစားထုတ်လုပ်နေ တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။