Spring Development Bank အကောင့် ၁၀၀,၀၀၀ စိန်ခေါ်မှု ချဲလင့်မှာ ထားထက်ထက်ပါဝင်လာပါတယ်။
၂၀၂၁ က စ တဲ့ Challenge မှန်သမျှ မရှုံးခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိခဲ့သလို အဲ့ဒီ သမိုင်းကောင်းက သူမ အပေါ်ထားတဲ့ အပေါ် ပြည်သူရဲ့ မေတ္တာလို့ ထားထက်ထက်က ဆိုပါတယ်။
“ကျွန်မဟာ ပြည်သူအပေါ် သစ္စာမပျက်ခဲ့သော အနုပညာသမား ဖြစ်လို့ ကျွန်မ စိန်ခေါ်မှု မှာပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မ မ ရှုံးချင်ပါ” လို့ တော်လှန်အနုပညာရှင် ထားထက်ထက်က ပြောပါတယ်။
ဒီ link ကနေ https://app.springdevelopmentbank.com/register စိန်ခေါ်မှုကို စတင်ပါဝင်နိုင်ပြီလို့ဆိုပါတယ်။
Register Link ကို နှိပ်လိုက်ရင် ပုံ (၁) ကို တွေ့ရမှာဖြစ်ကာပုံ (၁) ကနေ (၅) အထိ လမ်းညွှန်ချက်တွေအတိုင်းဆောင်ရွက်ပြီး Spring Development Bank ရဲ့ အကောင့်တွေ ဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။
Spring Development Bank အကောင့် ဖွင့်ဖို့အတွက် Email တစ်ခု ရှိရုံနဲ့ စတင်ဖွင့်လို့ရမှာဖြစ်ပြီး လူတစ်ယောက်ကို Acc တစ်ခု လို့ သတ်မှတ်ထားတာမျိုးမရှိဘဲ Email ရှိသလောက်ဖွင့်လို့ရတယ်လို့ သိရပါတယ်။
တော်လှန်အနုပညာရှင်ထားထက်ထက်က “ကျွန်မလက်နဲ့ ကိုယ်တိုင် ထိုးထားတဲ့ ဆင်တူမရှိသော အရုပ်ကလေးတချို့ကို မေတ္တာ နဲ့ တုံ့လှည့် ပါမယ်ရှင့် ၊ ရှိတဲ့ အရုပ်ပုံလေးတချို့ ထည့်ထားပေးပါတယ်ရှင့် ၊ ထပ်ပြီး လဲ ထိုးထားဦးမှာပါရှင့်”လို့ ပြောပါတယ်။