မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျေက်တံတားကျေးရွာကြားတွင် အကြမ်း ဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် ဗိုလ်တစ်ဦး အပါ အဝင် ၅ ဦးသေဆုံး ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးထံမှ သိရသည်။
ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ အချိန်ခန့်က မန္တလေးမှ မတ္တရာမြို့နယ်သို့ ထွက်ခွာလာ သော စစ်ကား ၉ စီးကို ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား အရောက် ရှေ့ထွက်မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားလေး တစ်စီးနှင့် ကားကြီး တစ်စီး ကို ထိမှန်ခဲ့ပြီး ကားကြီးမှာ နေရာမှာပင်ထိုးရပ်သွားကြောင်း၊ နောက်ဆက်တွဲ သတင်း အရ အကြမ်းဖက် စစ်ဗိုလ် တစ်ဦးအပါအဝင် ၅ ဦး သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မစ်ရှင်လုပ်တုန်းက လုပ်ပြီးတန်းဆုတ်ခဲ့ရတာ၊ စစ်ခွေးသေတာနဲ့ သယ်တဲ့ သတင်းက ပြီးမှ အတွင်းထဲနေ သတင်း ပြန်ထောက်ရတာ၊ သေတဲ့ ကောင်တွေကို မန္တလေးဘက်သယ်သွားတယ်၊” ဟု မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများမှ ကျောက်တံတားကျေးရွာ နှင့် ထန်းပင် ကုန်း ကျေးရွာရှိ လမ်းကြားများအား ပိတ်ဆို့ရှာဖွေခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။