ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
TNLA တပ်စခန်းသည် ရွာနှင့်အနည်းငယ်နီးပြီး စစ်ကောင်စီတပ်က ရွာအဝင်တံတားအနီး၌ စခန်းချ နေထိုင်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရုတ်တရက် လေယာဉ်ဗုံးကြဲမှုေကြာင့် TNLA ဘက်က ၂ ဦး ထိခိုက်ခံရသည်ဟု ဆိုသည်။
အီနိုင်းကျေးရွာ ပြည်သူများလည်း နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် TNLA တပ်တို့သည် ဇူလိုင်လ ၂၃ ရက်မှစပြီး တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားနေပြီး ယခုလ ၂၅ ရက်နေ့တွင်လည်း မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှုေကြာင့် အရပ်သားသေဆုံးသလို ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။