ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ အပတ်စဥ်(၇) အခြေခံ ဆေးပညာ သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
သင်တန်းကာလ ၁၆ လ ကြာမြင့်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၈၇ ဦး တက်ရောက် သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းတွေကိုတော့ TNLA က ဖွင့်လှစ်ထားတဲ့ ဆေးရုံ ၃ ခု၊ ဌာနချုပ်နဲ့ တပ်မဟာ အတွင်းက တာ၀န်ကျရာ နေရာတွေမှာ တာ၀န်ချထားပေးမှာ ဖြစ်တယ်လို့ TNLA က ပြောပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း၊ အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး တားဂူ;ဂျား၊ စစ်ရေးချုပ် ဒုဗိုလ်မှူးကြီး တားဆိူရ်ရာင်၊ ဒုဗိုလ်မှူးကြီး တားမိုင်မိုင်းနဲ့ ကျန်းမာရေး ဌာနမှူး ဗိုလ်ကြီးအဟာ တို့ လာရောက် ဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။