စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပထမဆုံး အကြိမ် မဲပေးစနစ်နဲ့ ရွေးချယ် ဖွဲ့စည်းခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ဒီနေ့ ရက်စွဲနဲ့ အသိပေးထားပါတယ်။
ရပ်ကျေး ပအဖ ဖွဲ့စည်းမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့ ပြုလုပ်ခဲ့ပြီး၊ ဒေသခံပြည်သူ ၇၂၉ ဦး တက်ရောက်ကာ၊မဲပေး ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားတဲ့ မူဝါဒ လမ်းညွန်ချက် များနဲ့ အညီကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ၊ တရားဥပဒေ စိုးမိုး ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် ကျေးရွာ ပအဖ များကို ၊ မြို့နယ် ပအဖ များမှ မဲပေးစနစ်နဲ့ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။