ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကို ငွေကျပ် ၁၀ သိန်းထောက်ပံ့ခဲ့တယ်လို့ ZERO တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။
ZERO တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မနေ့က မှတ်တမ်း နဲ့တကွ ဓာတ်ပုံကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေက ဆေးရုံတရုံမှာ ထောက်ပံ့ ကူညီ ပေးခဲ့တာပါ။
ကိုသက်ကြီးက” ကျနော်ကို ဒေါက်တာက ခေါ်တွေ့တယ်၊ ဆေးရုံ လာတုန်း၊ ဒေါက်တာ ခင်မောင်လွင် မွေးနေ့နဲ့ လည်း တိုက်ဆိုင်တော့ ငွေ ဆယ်သိန်း ကူညီခဲ့တယ်လို့” ပြောပါတယ်။
အဆိုပါ ထောက်ပံ့ငွေများကို တပ်ဖွဲ့ဝင် အသစ်ရဲဘော်များအတွက် ယူနီဖောင်း တပ်ဆင်ရာမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ တွေ့ဆုံတဲ့ ဆေးရုံမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဒဏ်ရာ ရရဲဘော်တွေ နဲ့ ဒေသခံလူထုများကို အခမဲ့ ကုသမှုပေးနေတဲ့ ပြည်သူ့ဆေးရုံတခုဖြစ်တယ်လို့လည်း ZERO တပ်ဖွဲ့ခေါင်းဆောင်က ဖြေကြားခဲ့ပါတယ်။