September 23, 2024

Kyaw Thu, Tha Din

ထိုင်းနိုင်ငံ၊ ချာချင်စောင်မြို့နယ်တွင် အနာဂါတ်အလင်းရောင် ထောက်ပို့အသင်းမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ...
တောင်ညိုစစ်ကြောင်း လှုပ်ရှားရာ နယ်မြေအတွင်းရှိ ဒေသပြည်သူများကို Free Burma Rangers အဖွဲ့နှင့်အတူ တောင်ညိုစစ်ကြောင်း ဆေးဌာနမှ ဆေးတပ်သား၊ ဆေးမှူးများက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ NUG အစိုးရ၏ ကြားကာလပညာရေး ကျောင်းတစ်ကျောင်းတွင် စုံညီပွဲတော်နှင့် စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံရေးထူထောင်ပြီး NUG ဝန်ကြီးများကို လက်ခံတွေ့ဆုံခဲ့သည့်အတွက် မြန်မာနိုင်ငံရှိ တီမောသံရုံးကို မြန်မာနိုင်ငံမှ ထွက်ခွာရန် စစ်ကောင်စီက နှင်ထုတ်ကြောင်း ပေါ်တူဂီ Lusa သတင်းဌာနက သတင်းဖော်ပြသည်။...
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၈၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင်...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Helping Hands အဖွဲ့မှ လှူဒါန်းပေးမှုဖြင့် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျေးလက်မြေ အဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။