
ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာ တလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က ၆ မိုင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သလို အပြစ်မဲ့ပြည်သူ ၂ ဦးအား အကြောင်းမဲ့ ပစ်သတ်သွားကြောင်း KNDF က သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့မှတဆင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘော်လခဲမြို့များအတွက် စစ်အင်အားဖြည့်တင်းမည်ဟု ယူဆရသော စစ်ကား အစီး ၂၀ ပါ ယာဉ်တန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်တွင် တပ်အင်အားများ ဖြည့်တင်းနေသလို ဖရူဆို၊ ဘော်လခဲမြို့နယ်များဘက်သို့ တပ်အင်အား ဖြည့်တင်းရန်ကြိုးစားလျက်ရှိပကြောင်း၊ ကယန်းလူမျိုးများနေထိုင်ရာ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသဘက်သို့ အင်အား (၃၀၀) ကျော်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလျက်ရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ – ကရင်နီတပ်ဖွဲ့ဝင်များ