
နိုဝင်ဘာ ၂၂၊ နေပြည်တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ချယ်ရီထက်ကို ရဲအက်ဥပဒေနဲ့ ထောင် ၆နှစ်ချမှတ်ခဲ့တယ်လို့ စင်ကာပူ CNA သတင်းထောက် Leong Wit Kit က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
ချယ်ရီထက်ကို စက်တင်ဘာလကုန်ပိုင်းရောက်မှဖမ်းဆီးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အပါးတော်မြဲအဖြစ်ထင်ရှားခဲ့တဲ့ ချယ်ရီထက်ဟာ ဖေဖော်ဝါရီကနေ စက်တင်ဘာလကုန်အထိ ပြည်သူ့မြင်ကွင်းကနေ ပျောက်နေခဲ့တာပဲဖြစ်ပါတယ်။