
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်ကောင်စီခန့် ထန်းတောကြီးရွာ အုပ်ချုပ်ရေးမှူး တိုင်းချစ်အိမ်အနီးတွင် ဗုံးဖောက်ခွဲခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များ ရောက်ရှိစစ်ဆေးစဉ် ထပ်မံ ဗုံးပေါက်ကွဲပြီး စစ်သား ၁ ဦးနှင့် အုပ်ချုပ်ရေးမှူးတိုင်းချစ် ထိခိုက်ဒဏ်ရာရရှိပြီး ကားဖြင့် ဆေးရုံပို့ ဆောင်လိုက်ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တပ်ကုန်းနင်ဂျာလူငယ်ပျောက်ကြားတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တပ်ကုန်းမြို့ ထန်းတောကြီးကျေးရွာမှာ မနက်က ပေါက်ကွဲမှုဖြစ်ပြီး လက်ရှိကြားသိရသလောက် ခွေးတကောင် ထိလို့ စစ်ဆေးရုံပို့ရပါတယ်။ ထန်းတောကြီး အုပ်ချုပ်ရေးမှူးလည်း ထိခိုက်လို့ နေပြည်တော်ကုတင် ၁၀၀၀ ကိုပို့ရပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောပါတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။