
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာလမ်းဆုံတွင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို တောကြီးမြွေပွေးတပ်ဖွဲ့ (ရှိမ်းမကား PDF) က ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် မိုင်း ၆ လုံးဖြင့် တိုက် ခိုက်ခဲ့ပြီး သစ်သိမ့်စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးကြောင်း၊ ခြေလက်များ ပြတ်သွားပြီး ဒဏ်ရာရသူ များကြောင်း ရှိမ်းမကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။
“တောကြီးမြွေပွေးတပ်ဖွဲ့မှ ပဒေသါမိုင်း ၆ လုံးကျွေးခဲ့ပါသည်၊ သစ်သိမ့်စခန်းမှူးအပါဝင် မုန့်ဟင်းခါး ၄ ပွဲ ရရှိခဲ့ပါသည်။ ခါးပြတ်၊ လက်ပြတ်၊ ခြေပြတ်တွေဖြစ်ကုန်တာဗျို့။ ကားကိုလည်း ဇောက်ထိုးပြုလုပ်ပေးထားခဲ့တယ်” ဟု ရှိမ်းမကား PDF က သတင်းထုတ်ပြန်ထားသည်။