September 27, 2022

Kabyar, Tha Din

မျက်ရည်နဲ့ပွင့်ခဲ့တဲ့စိန်ပန်းနီနီတွေကို “အာဇာနည်”လို့ကင်ပွန်းတပ်မယ် သပြေခက်တို့ဝေတဲ့နွေဦးဟာ ရာဇဝင်မရိုင်းအောင်သမိုင်းကြောင်းလှခဲ့ကြ မေတ္တာတရားတွေကတော်လှန်ရေးရဲ့ဆုလာဒ်ဆိုရင် လေပွေရူးကြောင့်ကြွေခဲ့ရတဲ့ဘဝတွေအတွက်ရော ဘယ်သူ့မှာတာဝန်ရှိပါသလဲ… မထွေးနိုင်မအန်နိုင်အောင်များပြားလွန်းတဲ့ အဓမ္မသွတ်သွင်းတဲ့မုသာဝါဒ‌တွေက တချို့‌တွေအတွက်‌တော့နတ်သုဒ္ဓါအလားချိုမြိန်သတဲ့ လှောင်ပြောင်ကြစမ်းပါစေလေ… ယုံကြည်ရာကိုလျှောက်မိမှတော့ ဘယ်သူမှနောက်ဆံမတင်းစတမ်းပေါ့ မချောမွေ့ပေမယ့်‌ဖြောင့်တန်းတဲ့ ငယ်ရွယ်သူတွေဖောက်တဲ့လမ်း “နိုင်ကိုနိုင်ရမယ့်ပွဲ”လို့ကြွေးကြော်ရင်း သူတို့စိန်ခေါ်ခဲ့တာမို့...