November 30, 2024

English – General

ရန်ကုန်တက္ကသိုလ်အတွင်း ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆင်းရဲကျပ်တည်းမှုရဲ့ တရားခံ...
ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည် စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှောင်စခန်း ၃ နေရာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များ ကိုယ်စား အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း နှင့် ကယ်တင်ရှင်ဒို့ကျေးရွာ သပိတ်စစ်ကြောင်းတို့ ပူပေါင်း၍ ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၄၀၀ ကျော်ကို ဓာတ်ဆား၊ သောက်ရေသန့်နှင့် ရိက္ခာခြောက်များ အလှူရှင်များကိုယ်စား ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချူပ်ရေး (ပအဖ) နှင့် ပကဖ များနှင့် ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ် အင်အားစုက...
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၏ မိခင်ဖြစ်သူ ဒေါ်အမာညွန့်သည် ဇူလိုင် ၆ ရက်တွင် ကွယ်လွန်ခဲ့ရာ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ မီးသွင်းသင်္ဂြိုလ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်က ၂၀၂၂...
ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့မှာ အိမ်ငှားခတွေ ဈေးနှုန်းမြင့်ပြီး အနည်းဆုံး ၆လ၊ တစ်နှစ် စာချုပ်တွေ ဖြစ်နေတာကြောင့် ရှမ်းမြောက်က ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တွေအတွက် နေထိုင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေထံက...
မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၇)ညကစ၍ လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု တိုက်ခိုက်နေပြီး ယနေ့ညနေတွင်လည်း လူနေရပ်ကွက်များအတွင်းလေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရပ်ကွက်အပါအဝင် အရပ်သားများရှိနေသည့်နေရာများကို တိုက်ခိုက်နေခြင်းဟု သိရသည်။ ” လေယဉ်ကနေပစ်ချတာ။...
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သို့​ ရောက်ရှိနေပြီး ပြည်သူများအား အရေးပေါ် ကယ်ဆယ်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း စစ်ကိုင်းမြို့၊ ထုံးဘိုအရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ ဇူလိုင်လ...
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ သံတောင်မြို့မှ တောင်ငူမြို့ကို ဆင်းလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNLA တပ်မဟာ...
ဝက်လက်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ်ဝင် အခြေခံပညာ ကျောင်းသားသမဂ္ဂများ၊ ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂတို့က ဦးဆောင်ပြီး ဒေသပြည်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။