
စစ်ကိုင်းမှ မုံရွာသို့ထွက်ခွာလာသော စစ်ကောင်စီ၏ ၂၂ စီးပါ ယာဉ်တန်းကို Black Eagle Defence Force – MMU အဖွဲ့နှင့် မဟာမိတ် ၄ ဖွဲ့ပူးပေါင်းကာ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ထိမှန်သွားကြောင်း Black Eagle Defence Force – MMU အဖွဲ့က သတင်းထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်မှုကို Black Eagle Defence Forcce – MMU၊ Myin Mu Defence Force-MMDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ PDF-Myinmu၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တို့ ပူးပေါင်းပြုလုပ်ခဲ့ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။